ကျွန်ုပ်တို့အကြောင်း

မျှော်မှန်းချက်

မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူများ၏ ဘဝများကို သက်သာရာရရှိရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် ရည်စူးပါသည်။

ရည်မှန်းချက်

အခက်အခဲနှင့် ပြန်လည်ထူထောင်ရေးကာလများတွင် အသိုင်းအဝိုင်းများ အချင်းချင်း ပံ့ပိုးကူညီသော ခံနိုင်ရည်ရှိသည့် မြန်မာနိုင်ငံတစ်ခု

အခြေခံတန်ဖိုးများ

စည်းလုံးမှု၊ ကရုဏာ၊ ရိုးသားဖြောင့်မတ်မှု၊ ခံနိုင်ရည်

ကျွန်ုပ်တို့အကြောင်း

U9Care သည် ၂၀၂၅ ခုနှစ်၊ မတ်လတွင် ပြင်းထန်ခဲ့သော ငလျင်ဘေးအပြီး မြန်မာပြည်သူများအတွက် ကတိပြုလုပ်ခဲ့သည့် လှုပ်ရှားမှုတစ်ရပ်အဖြစ် ပေါ်ထွန်းလာခဲ့ပါသည်။ ကျွန်ုပ်တို့သည် ယာယီကယ်ဆယ်ရေး လုပ်ငန်းသာမကဘဲ၊ အရင်းအမြစ်များ၊ ကျွမ်းကျင်မှုများနှင့် စာနာမှုတို့ကို လိုအပ်နေသော ကျေးရွာများဆီသို့ တိုက်ရိုက်ရောက်ရှိစေရန် ရေရှည်လုပ်ဆောင်မည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။

အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုအနေဖြင့် U9Care သည် လှူဒါန်းလိုသူများနှင့် အကူအညီလိုအပ်နေသူများကြား တည်မြဲသော တံတားတစ်စင်းအဖြစ် ဆောင်ရွက်ပါသည်။ ဒေသခံ ခေါင်းဆောင်များနှင့်အတူ တိုက်ရိုက်လုပ်ကိုင်ကာ အထိခိုက်လွယ်ဆုံးသူများထံ အထောက်အပံ့များ ရောက်ရှိစေရုံသာမက၊ ရေရှည်တည်တံ့သော အကျိုးသက်ရောက်မှုများ ဖြစ်ထွန်းစေရန် ကြိုးပမ်းပါသည်။

ကျွန်ုပ်တို့အဖွဲ့သည် ဆက်သွယ်ရေးနည်းပညာ ကျွမ်းကျင်မှုနှင့် လူသားချင်းစာနာမှု အတွေ့အကြုံတို့ကို ပေါင်းစပ်ကာ၊ လူသားများ၏ အရေးကြီးလိုအပ်ချက်များကို ဖြေရှင်းနိုင်စဉ် ဆက်သွယ်ရေးအခြေခံအဆောက်အအုံများကိုလည်း ပြန်လည်တည်ဆောက်ပါသည်။ ဆက်သွယ်ရေးစနစ်များသည် ထိရောက်သော ဘေးအန္တရာယ်တုံ့ပြန်ရေးလုပ်ငန်းများ၏ အဓိကကျမည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် အသက်များစွာကို ကယ်တင်နိုင်ရန်ရည်ရွယ်ပါသည်။

U9Care သည် ယာယီတုံ့ပြန်မှုတစ်ခုထက် ပိုသည်ဆိုသည့် အချက်မှာ မြန်မာနိုင်ငံအတွက် ကျွန်ုပ်တို့၏ မပြတ်တမ်းကတိသစ္စာပင် ဖြစ်ပါသည်။ ဤလှုပ်ရှားမှုသည် ကျွန်ုပ်တို့အဖွဲ့အစည်းအတွင်းရှိ စာနာမှုနှင့် အရင်းအမြစ်များကို ကျေးရွာများနှင့် တစ်နိုင်ငံလုံးသို့ တိုက်ရိုက်စီးဆင်းစေမည့် အမြဲတမ်းလမ်းကြောင်းတစ်ခုအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယနေ့တည်ဆောက်မည့် အရာများသည် လက်ရှိအကျပ်အတည်းကာလ ကုန်ဆုံးသွားသည့်နောက်တွင်ပင် မြန်မာနိုင်ငံကို ဆက်လက်အားကောင်းစေမည်ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ တန်ဖိုးများ

ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ထောင်နှင့်ချီသော မိသားစုများ၏ ဘဝများ ပြောင်းလဲခဲ့ပါသည်။ လူမျိုးဘာသာ၊ အလုပ်အကိုင်၊ စီးပွားရေးအဆင့်အတန်း မရွေး ထိခိုက်ခဲ့ကြရပါသည်။ ကျွန်ုပ်တို့သည် သေချာစွာ အကဲဖြတ်ဆန်းစစ်ခြင်းနှင့် ရပ်ရွာလူထုနှင့် တိုင်ပင်ညှိနှိုင်းခြင်းများ ပြုလုပ်ပြီးနောက် အောက်ပါအရေးကြီးသော လိုအပ်ချက်များကို ဖော်ထုတ်နိုင်ခဲ့ပါသည်။

အရေးပေါ်ဆေးဝါးထောက်ပံ့မှု

အရေးကြီးသောဆေးဝါးများ၊ First Aid ပစ္စည်းများ ဖြန့်ဖြူးခြင်းနှင့် ရွှေ့လျားဆေးခန်းများကို ပံ့ပိုးကူညီခြင်း

အခြေခံလိုအပ်ချက်များ

သန့်ရှင်းသောရေ၊ အစားအစာ၊ သန့်ရှင်းရေးပစ္စည်းများနှင့် ယာယီမှီခိုရာများ ဖြန့်ဝေခြင်း

အခြေခံအဆောက်အအုံများ ပြန်လည်ပြုပြင်ခြင်း

ပျက်စီးနေသော အိမ်များ၊ ရပ်ရွာအဆောက်အအုံများနှင့် ရေရရှိရေး စနစ်များ ပြန်လည်တည်ဆောက်ခြင်း

ဆက်သွယ်ရေးစနစ် ပြန်လည်တည်ဆောက်ခြင်း

ကယ်ဆယ်ရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်နိုင်ရန် အရေးကြီးသော ဆက်သွယ်ရေးကွန်ရက်များ ပြန်လည်ဖွဲ့စည်းခြင်း

ရေရှည်ပြန်လည်ထူထောင်ရေး

လေ့ကျင့်သင်ကြားမှုများနှင့် ရေရှည်တည်တံ့သောဖြေရှင်းနည်းများဖြင့် ရပ်ရွာအသိုက်အဝန်း၏ ခံနိုင်ရည်စွမ်းအား မြှင့်တင်ခြင်း

လှူဒါန်းမှုတိုင်းသည် အဓိပ္ပါယ်ရှိသော ပြောင်းလဲမှုကို ဖန်တီးနိုင်သည်ဟု ယုံကြည်ပါသည်။ လှူဒါန်းမှုတစ်ခုစီသည် ကျွန်ုပ်တို့အား ပိုမိုများပြားသော ရပ်ရွာများသို့ ကူညီပံ့ပိုးနိုင်စေရန် အခွင့်အလမ်းဖြစ်စေပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွင် မည်သူတစ်ဦးတစ်ယောက်မှ မေ့လျော့ခံရမည် မဟုတ်ပါ။

ပူးပေါင်းပါဝင်လိုပါသလား

စေတနာ့ဝန်ထမ်း

  • ကျွန်ုပ်တို့၏ ကွင်းဆင်းအဖွဲ့များတွင် ပါဝင်ပါ
  • (ဆေးဘက်ဆိုင်ရာ၊ အင်ဂျင်နီယာ၊ လော့ဂျစ်စတစ်) ကျွမ်းကျင်မှုများဖြင့် ကူညီပါ
  • အဝေးမှ ပံ့ပိုးမှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပါ

လှူဒါန်းခြင်း

  • တစ်ကြိမ်တည်း လှူဒါန်းမှုများ
  • လစဉ် အထောက်အပံ့ပေးသူ အစီအစဉ်
  • cooperate လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းများ
  • အရေးကြီးသော လိုအပ်ချက်ပစ္စည်းများ ကုန်ချောလှူဒါန်းခြင်း

ပူးပေါင်းဆောင်ရွက်ခြင်း

  • အတူတူလုပ်ဆောင်ခြင်းဖြင့် ပိုမို သက်ရောက်မှုရှိစေပါသည်။ U9Care နှင့်ပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများ မရောက်ရှိသေးသော လိုအပ်နေသည့် ရပ်ရွာများဆီသို့ ရောက်ရှိအောင် ဆောင်ရွက်ပါ။

  • ကျွန်ုပ်တို့သည် သင့်ရဲ့ကျွမ်းကျင်မှုနှင့် အတွေ့အကြုံများကို ဖြည့်စွက်ပေးနိုင်ရန် ဒေသတွင်းအသိပညာ၊ ကွင်းဆင်းညှိနှိုင်းမှုနှင့် ဘာသာပြန်ဝန်ဆောင်မှုများ ပံ့ပိုးပေးပါသည်။

  • အကူအညီလိုအပ်နေသူများအား ဝန်ဆောင်မှုပေးရန်အတွက် အင်အားများကို ပေါင်းစည်းကြပါစို့။